Select Page

Blog

Know More About

SEO( Search Engine Optimization)

SEO( Search Engine Optimization)

What is SEO?

SEO( Search Engine Optimization)ရဲ့အဓိပ္ပာယ်က userများအနေဖြင့်Google, Yahooကဲ့သို့သော search engineများကိုအသုံးပြု၍လိုအပ်‌သောရှာဖွေမှုများပြုလုပ်သည့်အခါတွင်သင့်ရဲ့ website ကိုပထမဆုံးပေါ်လာစေရန်အတွက်ဆောင်ရွက်တဲ့လုပ်ငန်းစဉ်ဖြစ်တယ်။သင့်websiteများရဲ့ရှာဖွေမှုရလဒ်များဟာပိုမိုမြင်သာလာသည်နှင့်အမျှသင့်ရဲ့စီးပွားရေးဟာတိုးတက်လာပြီးဖောက်သည်များကိုပိုမိုဆွဲဆောင်နိုင်မည်ဖြစ်သည်။

 

How does SEO works?

Google, Yahoo, Bing ကဲ့သို့သော search engineတွေဟာ bot များကိုအသုံးပြုပြီးwebပေါ်မှာရှိတဲ့စာမျက်နှာများကိုရှာဖွေခြင်း၊ site တစ်ခုမှတစ်ခုသို့ကူးပြောင်းခြင်း၊ထိုစာမျက်နှာများနှင့်သက်ဆိုင်သောအချက်အလက်များကိုစုဆောင်းခြင်းနှင့် index ထည့်ခြင်းများပြုလုပ်သည်။ Userတွေဟာအကြောင်းအရာတစ်ခုခုကိုရှာဖွေလိုတဲ့အခါမှာ လိုချင်တဲ့ခေါင်းစဉ်နဲ့ကိုက်ညီတဲ့ keyword များကို search engineရဲ့ box များအတွင်းသို့ထည့်သွင်းနိုင်တယ်။Google သို့မဟုတ်သင်အသုံးပြုတဲ့မည်သည့် search engineမဆို Crawler တစ်ခုရှိပြီး၎င်းက Internetပေါ်မှာတွေ့ရှိနိုင်တဲ့အ ကြောင်းအရာအားလုံးနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုစုဆောင်းထားသည်။ Crawler တွေမှာ indexများတည်ဆောက်ထားပြီးမေးမြန်းမှုများကိုကိုက်ညီရန်ကြိုးစားတဲ့ algorithmပါရှိတယ်။ ထို search algorithmများဟာသက်ဆိုင်ရာpage များပေါ်မူတည်၍ userများကိုထိရောက်တဲ့ search experienceများပေးစွမ်းနိုင်ရန် design ပြုလုပ်ထားခြင်းဖြစ်သည်။ ဤအချက်အလက်များဖြင့်သင့်ရဲ့ site ကိုအကောင်းဆုံးဖြစ်စေရန်search resultsများတိုးမြှင့်အောင်ဆောင်ရွက်ပေးခြင်းဖြစ်သည်။

 

Why SEO is important for marketing?

SEO က digital marketing အတွက်အဓိကျသောသော့ချက်(key element) တစ်ခုဖြစ်တယ်။ အဘယ့်ကြောင့်ဆိုသော်လူတွေဟာနှစ်စဉ် trillions နဲ့ချီသောရှာဖွေမှုများကိုစီမံခန့်ခွဲ‌တဲ့အခါမှာကောင်းမွန်တဲ့ဝန်ဆောင်မှုများနှင့်သတင်းအချက်အလက်များရရှိဖို့အတွက်စီးပွားရေးစီမံချက်(business plan) တစ်ခုထားရှိသောကြောင့်ဖြစ်သည်။ ရှာဖွေခြင်းဟာများသောအားဖြင့်ကုန်အမှတ်တံဆိပ်များအတွက်digital အသွားအလာ (digital traffic)အတွက်အဓိကအရင်းအမြစ်ဖြစ်ပြီးအခြားသောဈေးကွက်များလဲပါဝင်သည်။ ထို့ကြောင့် SEO ကိုအသုံးပြုခြင်းဟာအထူးသဖြင့်သင်၏ website ကို userများကရှာဖွေခြင်းများပြုလုပ်သည့်အခါတွင် ပိုမိုမြင်သာအောင်ဆောင်ရွက်ပေးသောကြောင့်သင့်ရဲ့စီးပွားရေးကိုများစွာအထောက်အကူပြုပြီးအလွန်အရေးပါသောအခန်းကဏ္ဍတစ်ခုပင်ဖြစ်ပါသည်။

 

The evolution of SEO

SEOဆိုသည်မှာ website များကိုအကောင်းဆုံးဖော်ပြပေးတဲ့ရိုးရှင်းသောနည်းပညာတစ်ခုအဖြစ်မှတ်ယူနိုင်သည်။ သို့သော်၎င်းကအမှန်တကယ်တွင် web အသွားအလာ(web traffic) များကိုမောင်းနှင်ပြီးအမှန်တကယ်ရှုပ်ထွေးသောကရိယာ(sophisticated tool)တစ်ခုဖြစ်ခြင်း၊ ဝင်ထွက်ပစ္စည်းများကိုတိုးပွားစေခြင်း၊နောက်ဆုံးဝင်ငွေများကိုတိုးတက်စေသည့်နည်းလမ်းတစ်ခုဖြစ်သည်။ SEOမှာပါဝင်တဲ့ရှုပ်ထွေးသောလုပ်ငန်းစဉ်များတွင်တိုးတက်သောနည်းဗျူဟာနှင့်နည်းပညာများပါဝင်သည်။ စီးပွားရေးလုပ်ငန်းတိုင်းဟာဤနည်းဗျူဟာများကိုစီမံခန့်ခွဲသည့်အခါတွင်စိန်ခေါ်မှုများစွာကိုရင်ဆိုင်နေရပြီးအချိန်ကြာလာသည့်နှင့်အမျှSEOရဲ့အဆင့်ကိုပိုမိုတိုးတက်အောင်ပြုလုပ်လာနိုင်ကြသည်။

Share This