Select Page

Blog

Know More About

Business Intelligence vs Artificial Intelligence

Business Intelligence vs Artificial Intelligence

What is it?

Business Intelligence ဆိုတာ Traditional ကျကျ Dataများကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာခြင်းဖြစ်ပါတယ် ။ ဒါပေမဲ့ Decisionပြုလုပ်တဲ့အခါမှာ လူသားတွေကိုယ်တိုင် ပြုလုပ်မှာ ဖြစ်ပါတယ် ။
Artificial Intelligence ဆိုတာ Advanced ပုံစံနဲ့ Computersတွေက သူတို့ကိုယ်တိုင် ဝေဖန်စဉ်းစားပြီး Business Decisionတွေပြုလုပ်ခြင်း ဖြစ်ပါတယ် ။

Goals of Business Intelligence and Artificial Intelligence

Business Intelligence က Dataတွေ စုဆောင်းခြင်း ၊ ခွဲခြမ်းစိတ်ဖြာခြင်း Process တွေကို ပိုမိုကောင်းမွန်စေပြီး စီးပွားရေးလုပ်ငန်း များကို အသုံးဝင်တဲ့ Informationတွေ ထောက်ပံ့ကာ Decision လုပ်တဲ့အခါမှာ များစွာကူညီထောက်ပံ့ပေးပါတယ် ။
Artificial Intelligence ကတော့ လူသားတွေရဲ့ အသိဉာဏ် ၊ အပြုအမူနဲ့ Thought Process တွေကိုတုပ ပြီး စီးပွားရေးလုပ်ငန်းများကို ကျိုးကြောင်းဆီလျော် တဲ့ Decision တွေပြုလုပ်ပေးပါတယ် ။

Why and when it is used ?

Business Intelligenceဟာ စုဆောင်းထားပြီးသား Dataတွေကို စစ်ဆေးပြီး အတိတ်ကာလ (Past) မှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေကို ဖော်ပြပေးပါတယ် ။
Artificial Intelligence ကတော့ ပမာဏကြီးမားတဲ့ Big Data တွေကိုခွဲခြမ်းစိတ်ဖြာပြီး လာမဲ့ အနာဂတ်ကာလ (Future) မှာ ဖြစ်လာမဲ့ အကြောင်းအရာတွေကို ဖော်ပြပေးပါတယ် ။

How does it help businesses?

Business Intelligence က Past Data တွေကိုခွဲခြမ်းစိတ်ဖြာ‌ ပေးပြီး Business Process , Customer Service နဲ့ အလုပ်သမားတွေရဲ့ စိတ်ကျေနပ်မှုနဲ့ ပတ်သက်ပြီး Decision တွေပြုလုပ်တဲ့အခါမှာ Data အချက်အလက်တွေက အထောက်အကူဖြစ်စေပါတယ် ။
Artificial Intelligence က စက်ပစ္စည်းတွေကို လူကဲ့သို့ အသိဉာဏ် ဖန်တီးပေးပြီး စီးပွားရေးလုပ်ငန်းတွေရဲ့ Customer ဝယ်လိုအား ၊ ပြိုင်ဘက်တွေရဲ့အခြေအနေနဲ့ ဈေးကွက်ပြောင်းလဲမှုတွေကို ခန့်မှန်းပေးပါတယ် ။

Usefulness

Business Intelligence က ဖော်ပြထားတဲ့အချက်အလက်တွေကို analyze လုပ်တဲ့အခါမှာ အသုံးဝင်ပါတယ် ။
Artificial Intelligence ကတော့ ညွှန်ကြားထားတဲ့ အချက်အလက်တွေကို analyzeလုပ်တဲ့အခါမှာ အသုံး၀င်ပါတယ် ။

Share This