Select Page

Blog

Know More About

Business Intelligence (BI) ဆိုတာဘာလဲ?

Business Intelligence (BI) ဆိုတာဘာလဲ?

Business Intelligence ဆိုတာ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို ပိုမိုမြန်ဆန်ပြီး ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ရရှိဖို့ မှန်ကန်တဲ့ အချိန်မှာ မှန်ကန်တဲ့ လူတွေဆီ ပို့ဆောင်ပေးခြင်း ဖြစ်ပါတယ် ။ BI ဟာ သတင်းအချက်အလက်တွေကို စုဆောင်းပြီး ဖွဲ့စည်းတည်ဆောက်ဖို့အတွက် method နဲ့ Programsတွေကိုလိုအပ်ပြီး Business Decisionsတွေ တိုးတက်ဖို့အတွက် informationတွေကို ပြန်ပြီး Present လုပ်ရပါတယ် ။

BI မှာ Performance Management , Analytics , Predictive Modeling , Data and text Mining နဲ့ တခြားအရာတွေများစွာပါ၀င်ပြီး တစ်ကယ်ကိုကြီးမားကျယ်ပြန့်ပြီး ရှုပ်ထွေးတဲ့ Fieldsတစ်ခုဘဲ ဖြစ်ပါတယ် ။ Business Intelligence ဟာ Grocery Store လိုမျိုးလည်ပတ်နေတယ်ဆိုတာကို မြင်ယောင်ကြည့်ပါ။ BI က ရှုပ်ထွေးပြီး ရောနှောနေတဲ့ Informations တွေကို သပ်ရပ်ပြီး လက်လှမ်းမှီတဲ့ Grocery Store လိုမျိုးပြောင်းလဲ ပေးမှာဘဲဖြစ်ပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့ Data တွေကို ကိုယ်ကိုယ်တိုင် လမ်းညွှန်နိုင်ပြီး ကိုယ်လိုအပ်တဲ့ အရာတွေကို တခြားသူရဲ့ အကူအညီမပါဘဲ ရှာဖွေတွေ့ရှိနိုင်ပါတယ် ။

Employeesများက Informationတွေကို တောင်းဆိုဖို့အတွက် BI System ကိုအသုံးပြုနိုင်ပါတယ် ။ BI ကို အသုံးပြုခြင်းက ဆုံးဖြတ်ချက်ဗျူဟာတွေကို ပြုလုပ်တဲ့အခါမှာ သိသာထင်ရှားတဲ့ အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ် ။

သင့်ကိုယ်သင် လက်လီလက်ကား အရောင်းဆိုင်ရဲ့ Manager လို့စဉ်းစားကြည့်ပါ။ သင့်မှာ Storeဆိုင်နဲ့ Online Shopပါရှိနေတယ် ။ သင်ကသင့်ရဲ့ Customers ကို ဆိုင်တွေမှာကော Online မှာပါ Login လုပ်ပြီး ပစ္စည်းတွေဝယ်ယူနိုင်တဲ့ Loyal Card ပေးထားတယ် ။ အဲ့ဒီ Cardဟာသင့်ရဲ့ customer က Storeဆိုင်မှာကော Online မှာပါ ဝယ်ယူတဲ့ ပစ္စည်း စာရင်းအားလုံးကို Customers တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ Account numberတွေနဲ့ သင့်ရဲ့ Database အထဲကို စာရင်းတွေထည့်သွင်း ပေးသွားမှာဖြစ်ပါတယ် ။

ဒါကြောင့် Business Intelligenceရဲ့ Method နဲ့ Software တွေကိုအသုံးပြုခြင်းက အလွန်ကြီးမားပြီး အရေအတွက်များတဲ့ Customer Information တွေရဲ့ Reports တွေကို လွယ်ကူစွာခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စွမ်းရည် ရရှိစေပါတယ် ။

ဒါ့အပြင် သင့်ရဲ့ Customer က Brandအပေါ်မှာ ဘယ်လောက်သစ္စာရှိလဲ ?ဘယ်လို Products တွေကိုမကြာခဏဝယ်ယူလေ့ရှိလဲ ? စတဲ့ Informationတွေကို ည်း သိန်ုင်မှာဖြစ်ပါတယ် ။

ဒါကြောင့် Business Intelligenceဆိုတာ Techniques နဲ့ Toolsတွေ ပေါင်းစပ်ထားတဲ့ Groupတစ်ခုဖြစ်ပြီးတော့ သင့်ရဲ့ Dataနဲ့ Informationတွေကို စုဆောင်း Organized လုပ်ကာ အသုံး၀င်ပြီး အဓိပ္ပာယ်ရှိတဲ့ နည်းလမ်းကနေ Presentလုပ်ခြင်းဘဲ ဖြစ်ပါတယ် ။

Share This